ဖူးရဲ့လျှို့ဝှက်ချက် ….. apyar sar pay

မောင်မောင်မျိုး တစ်ယောက် တော်တော်ပျော်နေသည်။ အခုချိန်တွင် ကမ္ဘာပေါ်မှာ စိတ်အချမ်းသာဆုံး လူစာရင်း ကောက်လိုက်ရင် သူထိပ်ဆုံးနားလေးကပင် ပါလာနိုင်သည်။ တကယ်ပေါက်ရင်တောင် အိမ်တစ်လုံးဝယ်လို့ မရနိုင်တဲ့ အောင်ဘာလေ သိန်း၁၅၀၀ ထီပေါက်တာထက်ပင်ပျော်နေရသည်ဟု ဆိုလျှင် လွန်အံ့မထင်။

အကြောင်းကား သူအလွန်အမင်း စွဲလမ်း ချစ်ခင်ရပါသော ဖူးဖူး ဟု သူအမြတ်တနိုးခေါ်ဆိုအပ်သော မေမီ

ဖူးဖူး ထံမှ ချစ်အဖြေ ကို အံ့သြတကြီး လက်ခံရရှိလိုက်သည်မှာ နာရီပိုင်းမျှသာ ရှိသေးသောကြောင့်ပင်။ အံ့သြတကြီး ဟူသော စာလုံးကို ရှင်းပါအုံးမည်။ တကယ်တော့ ကိုယ့်ချစ်သူ မိန်းကလေးထံမှ ချစ်အဖြေ စကား ပြန်ကြားရသည်မှာ ဘာမှအံ့သြလောက်စရာတော့ မဟုတ်။ သို့သော် မောင်မောင်မျိုး မျှော်မှန်းခဲ့မိသော မေမီဖူးဖူးမှာ သူ့တသက်တာ မြင်ဖူးသမျှထဲတွင် မော်ဒယ်၊ မင်းသမီးတမျှ လှပသူလေးတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
မောင်မောင်မျိုး ကလည်း ရုပ်ရှိ ရေလျှံ ရှိုးကောင်းသူ တစ်ယောက်သာ ဆိုလျှင် အံ့သြစရာကိစ္စ မဟုတ်သေး။ မောင်မောင်မျိုးမှာ သူလိုငါလို ရွက်ကြမ်းရေကျို ရုပ်ရည်သာ ပိုင်ဆိုင်သည်။ ငွေရေးကြေးရေးမှာလည်း အလကားနေရင်း သုံးနိုင်ဖြုန်းနိုင် နေသူတစ်ယောက်တော့ မဟုတ်။ ရူပါမလို ဗျူဟာသာလိုသည် ဆိုသော ဆရာ့ဆရာကြီးများလို တော်ကီအလွှတ်တွင် ဘော်လီကျွတ်အောင် ဆွဲဆောင်နိုင်သူ တစ်ယောက် မဟုတ်မှန်းလည်း ကိုယ့်ကိုကိုယ် သိနေပြီးသား။
ထို့ကြောင့် မေမီဖူးဖူး ဟူသော လူတကာ ဆွတ်ယူချင်သော ပန်းကလေးက မောင်မောင်မျိုးတည်းဟူသော သာမညောင်ည လူတစ်ယောက်ကို ပြန်လည် ချစ်ကြိုက်ခြင်းမှာ ကိုယ်တိုင် မကြုံရလျှင် ယုံနိုင်ဖွယ်တောင် မရှိသော ယုံချင်ယုံ မယုံချင်နေအဖြစ်အပျက် တစ်ခုသာ ဖြစ်နေ၏။ စင်စစ်သော် ဖူးဖူးမှာ မောင်မောင်မျိုးတို့ ကျောင်း၏ အလှအပ စာရင်းဝင် တစ်ဦးပင်။
ဖူးဖူး၏ မျက်လုံးဝိုင်းဝိုင်း မျက်ဆံနက်နက်လေးများနှင့် အရုပ်ကလေးလို လှပ နုနယ် ချစ်စဖွယ်ကောင်းသော မျက်နှာလေးကိုလည်းကောင်း၊ ကိုယ်လုံးကိုယ်ပေါက် ပိန်ပိန်ပါးပါး သာရှိသော်လည်း မြန်မာဆန်ဆန် အင်္ကျီပုံ ဆန်းဆန်းလေးများအောက်မှ မို့မောက်ရုန်းကြွနေသော စနေနှစ်ခိုင်ကိုလည်းကောင်း၊ သိမ်သောခါးနှင့် လိုက်ဖက်လှသော တင်အိုးခပ်ကားကား လေးကိုလည်းကောင်း ငေးကြ ဆွေးကြ သက်ပြင်းချကြသော ကျောင်းသားထုမှာ ဒုနှင့်ဒေး ရှိချေ၏။
ထိုမျှမကသေး ကျောင်းအပြင် ကျူရှင် အလာတွင် တစ်ခါတရံ ဝတ်တတ်သော ရင်ဘတ်ဟိုက်ဟိုက် ဘလောက်စ်လေးများနှင့် ထဘီစကပ် အတွင်းမှ လှစ်ခနဲ ပေါ်ပေါ်လာတတ်သော ခြေသလုံးသားလေးများကြောင့် အချို့သော ကျောင်းသားများမှာ ကျောင်းမှန်မှန်တက်ကာ စာကြိုးစားကြလေသတတ်။ ထို့ကြောင့်ပင် မောင်မောင်မျိုးမှာ ငါလိုလူဇမ္ဘူမှာ ရှိသေးရဲ့လားဟု လက်ခမောင်းခတ်မတတ်ပင် ဝမ်းသာလုံး ဆို့နေရခြင်းဖြစ်လေသည်။
တကယ်တော့ ဖူးဖူးကို သူတိတ်တခိုး ချစ်နေမိသည်မှာ ကြာလှပြီ။ ဒါကြောင့်လည်း သူငယ်ချင်းဖြစ်အောင် အရင်ကြိုးစားကာ ဖူးဖူးအနားကပ်ခွင့်ရအောင် လုပ်ခဲ့သည်။ မာနမကြီးတတ်သော ဖူးဖူးက သူ့ကို သူငယ်ချင်းအဖြစ် အသိအမှတ်ပြုပါသည်။
မောင်မောင်မျိုး၏ အားသာချက်များကို ရှာကြံပြောရလျှင် အလိုက်သိခြင်း နှင့် သူတပါးကို နားလည်မှုပေးနိုင်ခြင်းတို့ပင် ဖြစ်သည်။ ထို့ကြောင့် မောင်မောင်မျိုးမှာ ချစ်သူခင်သူ မိတ်ဆွေမရှား။ သူချစ်နေသော ဖူးဖူးအပေါ် ပိုရွေ့ပင် ဂရုတစိုက် ရှိမိသောကြောင့် ဖူးဖူးဟူသော ပန်းကလေး သူ့လက်ထဲ ကြွေကျလာရခြင်း ဖြစ်ကြောင်း သူယုံကြည်မိလေသည်။
ချစ်သူဖြစ်ကာစ ရက်များတွင် မောင်မောင်မျိုးတစ်ယောက် တိမ်ပေါ် လမ်းလျှောက်နေရသလိုပင် ပျော်ရွှင်လှသည်။ တစ်ချို့သော သူများတကာ သမီးရည်းစားတွေလို ချက်ချင်း အခွင့်အရေးတန်းမယူ ချစ်သူချောချောလေးအား လက်ချင်းချိတ်ကာ နေရာအနှံ့ လျှောက်သွားနေရခြင်းဖြင့်ပင် သူ့အချိန်တွေ ကုန်ဆုံးစေခဲ့သည်။ ဟိုဟိုဒီဒီ ပန်းခြံလေးများထိုင်မိလျှင် နှုတ်ခမ်းဆိုးဆေးကြောင့် သစ်သီးနံ့လေးသင်းနေသော ဖူးဖူး၏ နှုတ်ခမ်းလေးများကို မရဲတရဲနမ်းမိလိုက်လျှင်ပင် ယောကျ်ားသဘာ၀ ဇာတ်လမ်းဆုံးသို့ရောက်လုမတတ် သူစိတ်လှုပ်ရှားရသည်။
မောင်မောင်မျိုး ရည်းစားမထားဖူးဘူး မဟုတ်၊ ထားဖူးသော်လည်း ဖူးဖူးလို ပထမတန်းစားလေးနှင့် ချစ်သူဖြစ်ရသောကြောင့် သူမိုးမမြင် လေမမြင် ဖြစ်မိခြင်းသာ ဖြစ်သည်။ ရည်းစားဖြစ်ပြီး အတော်လေးကြာတော့ မောင်မောင်မျိုး အခက်အခဲတစ်ခုနှင့် ကြုံရသည်။ ဖူးဖူးကို ကြွေရုပ်လေးလို အလှထိုင်ကြည့်နေသော သူ့အား သူငယ်ချင်း အပေါင်းအဖော်များက အဆင့်တက်ဖို့ ဝိုင်းဝန်းမြှောက်ပေးကြသည်။
သူက မိန်းကလေး တစ်ယောက်အတွက် အချိန်လိုတယ် ဘာညာနှင့် ဖောရှော ပြောထားပေမဲ့ တကယ်တမ်း အဆင်သင့် မဖြစ်သေးတာ သူပင်။ ဒီလောက်လှသော ဖူးဖူးကို သူမအုပ်ချင်လို့မဟုတ်၊ ဖူးဖူး၏ အတွင်းကျသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို မမြင်ချင်လို့ မဟုတ်ပေ။ အပြန်အလှန်အနေဖြင့် သူ၏ အတွင်းပစ္စည်းများကို ပြသရန် ရှက်နေမိခြင်းသာဖြစ်သည်။
တစ်ခြား ယောကျ်ားသားတို့ ဒါမျိုးစဉ်းစားချင်မှစဉ်းစားမည် ဖြစ်သောလည်း မောင်မောင်မျိုးက အတွေး လွန်တတ်သည်။ သူ၏ တီရှပ်ပွပွထူထူများဖြင့် မသိသာအောင် ဖုံးထားသော နံရိုးပြိုင်းပြိုင်း ဘော်ဒီကိုလည်းကောင်း၊ မဲနေသော ဖင်ရှုံ့ရှုံ့လေးအားလည်းကောင်း၊ ယုတ်စွအဆုံး မိန်းမကိစ္စတွင်တောင် “တို့ကတော့ ရုပ်ကို မကြည့်နဲ့ -ီး လာကြည့် တသက် စွဲသွားစေရမယ်” ဆိုသော ဟုတ်လားမဟုတ်လားတော့မသိ… သူကြားခဲ့ဖူးသော ကြိမ်းဝါးသံများလို လက်မထောင်နိုင်သူတစ်ယောက် ဖြစ်ဖို့နေနေသာသာ လူစဉ်မှီရုံလောက်သာ ရှိသော သူ့ဖွားဖက်တော်အားလည်းကောင်း… ဖူးဖူးသာမြင်သွား ရင် စိတ်ပျက်သွားမှာပဲဟု သူတွေးရင်း ရှက်နေမိသောကြာင့် သူတို့အချစ်ရေးကို ရှေ့ဆက်မတိုးမိခြင်းသာ ဖြစ်လေ၏။
ထိုသို့ အရှက်သည်းသော မောင်မောင်မျိုး စဉ်းစားထားသည်က လက်ထပ်ပြီးမှဆိုလျှင် ဖူးဖူးတစ်ယောက် ရွေးချယ်စရာ မရှိသောကြောင့် ပိုအဆင်ပြေမည်ဟု…။
သို့သော် သူငယ်ချင်းများက “မင့်မေ သောက်ခွေး ဟိုက မင်းကို အတည်ယူမယ် ဘယ်သူပြောတုန်း….. ခုလို ရည်းစားဖြစ်ရတုန်း အခွင့်သာခိုက်မှ မအုပ်ချင်လျှင် ဘာညာသာရကာ နေကြာကွာစိ” စသဖြင့် ပွားလွန်းမက ပွားကြလေသော် မောင်မောင်မျိုးကိုယ်တိုင် စိတ်ပါလာတော့သည်။ ဖြစ်ချင်ရာဖြစ်ကွာ ဆိုပြီး ဖူးဖူးအား ပူဆာမိတော့သည်။
“ဖူးရယ်… ကိုယ်တို့ လွတ်လွတ်လပ်လပ် တွေ့ရရင် ကောင်းမယ်ကွာ”
“ခုလည်း တွေ့နေရတာပဲကို ကိုရယ်…… ဘယ်သူတွေက လိုက်နှောက်ယှက် နေလို့တုန်း”
“မဟုတ်ဘူးလေ…….. နှစ်ယောက်ထဲ တနေရာမှာ စကားအေးဆေး ပြောချင်တာကို ပြောတာ ဘယ်သူမှ မရှိတဲ့ နေရာကွာ “
“အမယ်… မသိရင်ခက်မယ်……. စကားပြောချင်တာက နဲနဲ… ဟွန်း”
“ဟီး… ချစ်လွန်းလို့ပါ ဖူးလေးရယ်…… ဖူးက ကိုယ့်ကို မချစ်ဘူးလားပြော……..”
ထိုသို့တတ်သမျှ မှတ်သမျှ နည်းများဖြင့် ချုပ်လေသောအခါ ဖူးဖူးလည်း မလိုက်ချင်သလို လိုက်ချင်သလို နှင့် ဟိုတယ်အခန်းလေး တစ်ခုထဲသို့ ပါလာရလေတော့သည်။ အဖြူရောင် ရင်စေ့အကျီ၊ အဖြူနှင့် မီးခိုးအပွင့်လေးများ ရောစပ်ထားသော ထဘီနှင့် လှချင်တိုင်း လှနေသော ဖူးဖူးတစ်ကိုယ်လုံးအား မောင်မောင်မျိုး သိမ်းကျုံးကြည့်လိုက်သည်။ ဖူးဖူးက ရှက်သွေးဖြာသော မျက်နှာလေးနှင့် ခေါင်းကို ငုံ့လိုက်စဉ် မောင်မောင်မျိုးက ခေါင်းအငုံမခံဘဲ လက်ဖြင့် ဆွဲယူကာ အနမ်းများကြာရှည်စွာ ပေးလိုက်လေသည်။
“အိ……အူးးးး….ဟူး…မောလိုက်တာကိုရာ….”
ဖူးဖူး၏ ပန်းသွေးရောင် နှုတ်ခမ်းလေးများကို လွှတ်ပြီး လည်တိုင်ကျော့ကျော့ကို အနမ်းခြွေလိုက်စဉ် ဖူးဖူးထံမှ ညည်းသံလေးများ ထွက်လာခြင်းဖြစ်သည်။ အင်္ကျီ ကြယ်သီးလေးများကို တစ်ခုချင်း ညင်သာစွာ ဖြူတ်လိုက်ပြီးနောက် ပေါ်ထွက်လာသော ဘရာအဖြူရောင်လေးကို ချွတ်မည်လုပ်တော့ ဖူးဖူးက အချွတ်မခံဘဲ လက်နှင့် ဖိအုပ်ထားသည်။
“မချွတ်ပါနဲ့လား ကိုရယ်…. ဖူး မနေတတ်လို့ပါ”
မောင်မောင်မျိုးက ဘာမှမပြောဘဲ မကြောက်ပါနဲ့ဟူသော နှစ်သိမ့်အပြုံးလေးနှင့် ဖူးဖူးလက်တွေကိုဖယ်ရှားလိုက်သည်။ ခုချိန်မှာ အပြောထက် အလုပ်က ပိုအရေးကြီးတာလောက်ကတော့ သူသိသည်။ အဖြူရောင် ဘရာလေး ကွာကျပြီးနောက် ဖူးဖူး၏ အိစက်ထွားကျိုင်းသော ရင်သားများကို အားရပါးရကိုင်မည် အပြု… သူ့လက်တွေလေထဲခန တန့်သွားရသည်။
“အဲ…”
ခုနက ဝတ်ထားသော ဘရာနှင့် မနိုင့်တနိုင်ဖြစ်ကာ အကွဲကြောင်းလေးပင် ပေါ်နေသော ရင်သားထွားထွားများက မျက်လှည့်ပြလိုက်သလို သူ့မြင်ကွင်းမှ ပျောက်သွားသောကြောင့်ပင်။ သူမြင်နေရသည်က ကြက်ဥ ဟတ်ဖရိုက်ကြော် မရှိတရှိလောက် အနေအထားဖြင့် ခပ်ပြားပြားရင်သားများ………။ ဘာကြောင့်မှန်း နားမလည်နိုင်သော်လည်း ဖူးဖူးမရိပ်မိခင် ထိုရင်သားပြားချပ်ချပ်လေးတွေကိုပဲ ဆုပ်လိုက် နယ်လိုက် စို့လိုက်သည်။
“အီး… ဖူး မနေတတ်တော့ဘူး ကိုရဲ့”
ဖူးဖူက သူ့အောက်မှာ အငြိမ်မနေ ဟိုဒီယိမ်းထိုးနေသဖြင့် လက်ထဲမှ ရင်သားပြားပြားလေးများကိုပင် သူလိုက်ဖမ်းရ ခက်နေသည်။ သူစိတ်လျှော့လိုက်ပြီး ထဘီကို အမြန်ဆုံးနည်းနှင့် ချွတ်လိုက်သည်။
“အင်… ဘယ်လိုကြီးလဲ”
ဖူးဖူး၏ ထဘီအောက်မှ ပန်တီပေါ်ထွက်လာသောအခါ မောင်မောင်မျိုး သတိလက်လွတ် ရေရွတ်မိခြင်း ဖြစ်သည်။ သူမြင်ဖူးသော အမျိုးသမီးပန်တီများနှင့်မတူ တမူထူးခြားကာ ဗိုက်အထိ ဖုံးနေသော ဘောင်းဘီတိုလေးကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
“ဟီး…”
သူ့ရေရွတ်သံကို ကြားလိုက်သော ဖူးဖူးက ဟီးကနဲတချက်ရယ်ကာ ရှက်တတ်တတ်လေး ဖြစ်နေပြီးမှ သူ့ကိုရှင်းပြသည်။
“ဗိုက်ချပ် ဘောင်းဘီလေ ကိုရဲ့… ဖူးက ဗိုက်ခေါက်နဲနဲ ထွက်နေလို့ ဝတ်ရတာ..”
“အော်… ဒီလိုကိုး..”
ဟုရေရွတ်ကာ ဖူးဖူးဘောင်းဘီကို မောင်မောင်မျိုး ဆွဲချွတ်ရန် ကြိုးစားလိုက်သည်။ ပန်တီ ဘောင်းဘီအသေးတွေလောက် မလွယ်.. တော်တော်လေး ကြပ်နေလို့ မနည်းကြိုးစားကာ ချွတ်လိုက်ရသည်။အောက်ဘက်မှာတော့ မဲနက်နက်ချုံပုတ်လေးအောက်မှာ ပုန်းနေသော မောင်မောင်မျိုး၏ ခရီးဆုံး မှတ်တိုင်လေး။ အချိန်မဆိုင်းပဲ ရှေ့တော်ပြေး လက်ငါးချောင်းကို အရင်လွှတ်ကာ ရွှေလမ်းငွေလမ်း ဖောက်လိုက်သည်။
ဖူးဖူး၏ မှတ်တိုင်လေးကလည်း မိုးဖွဲဖွဲရွာသလို စိုစိစိဖြစ်လာသည်နှင့် မောင်မောင်မျိုး ဂျင်းဘောင်းဘီနှင့် ဘောက်ဆာကို အမြန်ဆွဲချွတ်လိုက်သည်။ ခပ်ကုတ်ကုတ် ထွက်လာသော သူ့ ဖွားဖက်တော်ကို ကြည့်ကာ မလုံမလဲ ဖြစ်မိသောကြောင့် ဖူးဖူးမျက်နှာကိုလှမ်းကြည့်လိုက်တော့ သူ့လက်ချောင်းများအစွမ်းကြောင့် မိန်းမောနေပုံရသော ဖူးဖူး မျက်နှာလေးမှာ ထူးခြားသော အရိပ်အယောင်မရှိပေ။ ဖူးဖူ၏ မှတ်တိုင်လေး အတွင်းသို့ သူ့ဖွားဖက်တော်ကို ဖြေးဖြေးချင်း လိုက်ပို့လိုက်သည်။ ဖူးဖူး၏ မှတ်တိုင်လေးကား အသစ်စက်စက်လို့တော့ မောင်မောင်မျိုးမထင်။ ခရီးသွားတော့ ရှိခဲ့ဖူးပုံရသည်။
သို့သော် အရမ်းတင်းကြပ်မနေသည်မှလွဲ၍ အကောင်ခပ်သေးသေး သူ့ဖွားဖက်တော်ကို ဖူးဖူး၏ ကိုယ်အတွင်းပိုင်းက ခပ်စေးစေးလေးပင် ရစ်ပတ် ကြိုဆိုလိုက်သည်။ မောင်မောင်မျိုး တစ်ယောက် ဖူးဖူး၏ အော်ဟစ် ညည်းညူခြင်း မရှိသော်လည်း နှုတ်ခမ်းကိုက်ကာ အံကြိတ်ရင်း မျက်လုံးမှိတ်ထားသော မျက်နှာလှလှလေးကို အာရုံစိုက်ကြည့်ရင်း အသွင်းအထုတ်ကို အရှိန်တင်ကာ နှစ်ဆတိုး ကြိုးစားလိုက်သည်။ ဘယ်လောက်မှ မကြာသောအချိန်အတွင်းမှာပင် သူ၏ သုတ်ရေများကို ဖူးဖူးကိုယ်တွင်းသို့ အောင်မြင်စွာ အရောက်ပို့ပေးနိုင် လိုက်ပြီ ဖြစ်လေသည်။
“ဟူးးး… ကောင်းလိုက်တာ ဖူးရယ်….”
“ဟင့်.. ရှက်စရာတွေ မပြောနဲ့တော့… ဖူး တွိုင်းလက် သွားမလို့ ကိုယ်ပေါ်က ဖယ်အုံး…”
ဖူးဖူး၏ မျက်နှာအနှံ့ကို နမ်းရင်း အုပ်မိုးထားသောမောင်မောင်မျိုးကို တွန်းထုတ်ကာ ဟိုတယ်မှပေးသော တဘက်အကြီးကို ကိုယ်ပေါ်မှာ မခို့တရို့ပတ်ရင်း ရေချိုးခန်းသို့ ဝင်သွားသော ဖူးဖူးကို မောင်မောင်မျိုး ကျေနပ်ပြုံးနှင့် ကြည့်နေမိသည်။ ပြီးမှ တစ်စုံတစ်ခုကို သတိရကာ ရေချိုးခန်းထဲသို့ လိုက်သွားပြီး မီးကိုရုတ်တရက် ဖွင့်လိုက်သည်။
“အို… ဘာလာလုပ်တာလဲ”
မောင်မောင်မျိုး လိုက်လာမည် မထင်သော ဖူးဖူးက တဘက်ကိုချွတ်ပြီး ရေပိုက်ခေါင်းလေးကို ကိုင်ရင်း ကိုယ်ကို သန့်စင်နေသည်နှင့် တည့်တည့်တိုးလေသည်။ မတ်တပ်ရပ်ပြီး ကိုယ်လုံးတီးလေးနှင့် ရှေ့ဖုံးရမလို နောက်ကွယ်ရမလို လုပ်နေသော ဖူးဖူး၏ အဝတ်ဗလာ ခန္ဓာကိုယ်ကို မောင်မောင်မျိုး စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ သူခုနကမျက်စိများ မှောက်သလား သိချင်လို့ဖြစ်သည်။
တစ်တုံးတစ်ခဲကြီးဟု သူထင်ခဲ့သော ရွှေရင်နှစ်မွှာက ခုနကအတိုင်း ခပ်သေးသေး သာမာန်ဆိုဒ်လောက်ပင် ရှိမည်။ အကျီဝတ်ထားတုန်းက ချပ်ရပ်နေသော ဗိုက်သားလေးက အခုတော့ ခပ်စူစူလေးထွက်နေသည်။ တင်ပါးလေးကလည်း ကားတော့ ကားပါသည်။ ဘေးကို အနည်းငယ် ကားပေမဲ့ နောက်ကကြည့်တော့ ခပ်ပြားပြားပင်။ သူများ မျက်စိ အမြင်တွေ အားနည်းနေပြီလား တွေးမိသော်လည်း အခြားသော ယောကျ်ားလေးများသည်လည်း သူ့နည်းလည်းကောင်း မေမီဖူးဖူးကို သွားရေကျခဲ့ကြတာ သူသိနေသည်။ သူနားမလည်နိုင်သော ကိစ္စများကို ဘယ်လို မေးရမလဲ စဉ်းစားနေတုန်း ဖူးဖူး၏ လေသံ ခပ်တင်းတင်းက ထွက်လာသည်။
“ကို့…. ဘာလာကြည့်နေတာလဲလို့ မေးနေတယ်လေ”
“အော်.. ဟိုဒင်း.. ရှူး..ရှူး ပေါက်မလို့ပါ”
“အဲ့ဒါဆိုလည်းပေါက်လေ ဘာကိစ္စ သူများကို ရပ်ကြည့်နေရတာလဲ”
“ဟီး…ဖူးကလှလို့…”
သူ့အပြောကို ဖူးဖူးက မယုံသလို မျက်စောင်းထိုးကာ ရေချိုးခန်းထဲမှ ထွက်သွား၏။ မတတ်နိုင်… သူမုသား ပြောလိုက်ရပြီ။ သူ့စိတ်ထဲရှိတာတွေ အမှန်အတိုင်း ပြောလိုက်ရင် ဟီရူရှီးမား အနုမြူဗုံးထက် ဆိုးသွားမှာ အသေအချာပင်။ သူ့အနေနှင့် ဖူးဖူးကို အပြစ်မြင် ကဲ့ရဲ့လိုခြင်းမဟုတ်။ အဝတ်အစားဝတ်ထားခြင်းနှင့် ဝတ်မထားခြင်းကြားတွင် အတော်ကွာခြားသွားပုံကို သူနားမလည်နိုင်လို့သာ ဖြစ်သည်။ ရောက်လက်စနဲ့ ပေါက်စရာရှိတာ ပေါက်ရင်း ပြန်ထွက်လာတော့ ဖူးဖူးက တဘက်လေး သေချာပတ်ကာ အိပ်ယာပေါ်ဝယ် ငုတ်တုတ်လေးခြေချထိုင်နေသည်။
“ဖူးလေး…”
”……..”
“ဟင်… မျက်နှာလည်း မကောင်းပါလား…. ဘာဖြစ်လဲ ကို့ကို ပြောစမ်း”
ပြိုတော့မည့် မိုးနှယ် မျက်ရည်များဝဲကာ လက်ချင်းဆုပ်နယ်ပြီး ထိုင်နေသော ဖူးဖူး မျက်နှာကိုမြင်တော့ မောင်မောင်မျိုး ပြာသွားသည်။ သူချော့မော့မေးသော်လည်း ဖူးဖူးကမပြော။ ချော့ကာမှ ပိုဆိုးလာသလား မှတ်ရကာ မျက်ရည်များ သွင်သွင်စီးကျလာသည်။ နောက်ဆုံး မောင်မောင်မျိုး တတွတ်တွတ်ပြောကာ မေးလွန်းမက မေးမှ ရှိုက်သံတဟင့်ဟင့်နှင့်အတူ…..
“ဖူး… ဖူးက အပျိုမဟုတ်တာ ကိုသိတယ် မဟုတ်လား…”
“အာ…… ဘာများလဲလို့… ဒါများဖူးရယ်…. အပျိုမဟုတ်တော့ ဘာဖြစ်လဲ…”
“အဲဒါတင် မကသေးဘူး…….. ကို့မျက်လုံးတွေကို ဖူးသိပါတယ်…… ဖူးကိုအားလုံးက လှလှပပလေး ထင်ထားကြတာ……. မျက်နှာကလည်း မိတ်ကပ်တွေ လိမ်းထားလို့သာ ကြည့်ကောင်းတာ… မျက်လုံးကလည်း မျက်ကပ်မှန် တပ်ထားတာ…. တကယ်တမ်းကျ ဖူးက အပြင်အဆင်တွေ အခုအခံတွေပါမှ လှတာ…. အခု အကုန် ချွတ်လိုက်တော့ စိတ်ပျက်စရာကြီး မဟုတ်လား..”
မောင်မောင်မျိုး သက်ပြင်းချလိုက်သည်။ သူတွေးနေသောကိစ္စ ဖူးဖူးက ပြောလာလေပြီ။
“မဟုတ်ပါဘူး ဖူးရယ်….. ကိုယ်က တခါမှ မမြင်ဖူးလို့ နဲနဲ အံ့သြသွားတာပါ… ဒီလိုတွေ လုပ်ရတယ်မှန်း မသိလို့လေ….”
“ ဟုတ်တယ်… အဲဒါ တွန်းတင်ဘရာ လို့ခေါ်တယ်… ရင်သားမရှိတဲ့ သူတောင် ဝတ်လိုက်ရင် ကြီးသွားသလို ထင်ရတာ…… ဗိုက်ကလည်း ပူနေလို့ ဗိုက်ချပ်ဘောင်းဘီ ဝတ်ထားရတယ်…. ထဘီကိုလည်း ဒေါက်ပါတာဝတ်မှ….. တင်ပြားနေတာ မသိသာအောင် ထဘီကို ဒေါက်သေချာ ထည့်ချုပ်ပီး ဝတ်ရတာ… ကိုအခုသိပြီလား…. အဟင့်”
“သိပြီ သိပြီ….. ဟားဟားးး”
မောင်မောင်မျိုး တစ်ယောက် တွက်မရသော ပုစ္ဆာတပုဒ် အဖြေရသွားသည့်နှယ် ပျော်ရွှင်စွာဖြင့် ဖူးဖူးကို ထဖက်လိုက်သည်။ ဖူးဖူးက အတင်းရုန်းထွက်ပြီး သူ့ကိုများ လှောင်နေသလား ဟူသော မျက်မှောင်ကျုတ် အကြည့်ကို မောင်မောင်မျိုးက လက်ကာခါ…..
“ဒီမယ် ဖူး…. ကိုယ်က နားမလည်လို့ သိချင်တာပဲရှိတာ… အခုသိတော့ကော ဘာဖြစ်လဲ… ဖူးက ကိုယ့်ချစ်သူပဲ.. ဖူးအပျိုမဟုတ်တာကော ဘာအရေးလဲ…… ကိုယ့်ကို ဖူးချစ်ရင် ကျေနပ်တယ်…. ဒီလိုကိုယ်လုံးရှိတာလည်း ဘာဖြစ်လဲ…. ကိုယ့်အတွက် ဖူးက လှနေပြီးသားပဲ… ကိုယ်ကသာ ကိုယ့်လို ပုံမလာ ပန်းမလာ လူမျိုးကို ဖူးကပြန်ချစ်လို့ ဝမ်းသာနေရတာ… ဒါမျိုးတွေ တွေးပြီး ဝမ်းနည်းမနေနဲ့ ကြားလား…. အရင်လို လှလှပပလေးပဲနေ… ကိုယ်ချစ်ရင် ပြီးတာပဲ မဟုတ်လား…”
“ဒါ..ဒါပေမဲ့.. ကိုက ဖူးကို လှလို့ချစ်တာ မဟုတ်ဖူးလား…”
မောင်မောင်မျိုး သက်ပြင်း ထပ်ချရပြန်သည်။ သူဖူးဖူးကို လှလို့ချစ်ခဲ့ကြောင်း မငြင်းနိုင်ပါ။ အခုကျတော့ရော… သူစိတ်ထဲ ဘာမှမဖြစ်.. ဘယ်လိုမှမနေ… ခါတိုင်းလိုပဲ ဖူးဖူးကို သူချစ်သည်။ ဖူးဖူးသည် သူ့ဖူးစာဖက် ဖြစ်ရမည်ဟု ယုံကြည်ထားပြီး ဖြစ်သည်။ လက်ထပ်ဖို့ အထိတောင် ရည်ရွယ်ထားပြီး ဖြစ်သည်။ ဖူးဖူး၏ ဝမ်းနည်းတဝက် အားငယ်စိတ်တစ်ဝက်နှင့် မျက်နှာလေးကို သူစိုက်ကြည့်ရင်းခေါင်းခါ ပြလိုက်သည်။
“ဟင့်အင်း…. ကို့ဖူးစာဖက်မို့လို့ ချစ်တာ.. သိလား.. ဖူးက ကိုယ့်ရဲ့ ဖူးစာဖက်…”
မိုးရွာပြီး နေပြန်ထွက်လာကာစ ကောင်းကင်တွင် တိမ်ညိုမည်းများ လွင့်စင် ပြေးထွက်ကုန်သလို ဖူးဖူး မျက်နှာလေး ပြုံးကာ ဝင်းပသွားရတော့သည်။
ပြီးပါပြီ

Leave a Reply

Your email address will not be published. Required fields are marked *